Senior Secret Love | |
---|---|
အမျိုးအစား | အချစ်ဟာသ |
ဖန်တီးသူ | GMMTV |
ဒါရိုက်တာ | Weerachit Thongjila |
အဖွင့်တီးလုံး | "แอบเพ้อเจ้อ" (Ruk Tua Ang Bang Na) by Rangsan Panyaruan |
အပိတ်တီးလုံး | "พูดว่ารักในใจ" (Pood Wah Ruk Nai Jai) by Worranit Thawornwong |
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အတွဲပေါင်း | 2 |
အပိုင်းပေါင်း | 34
|
ထုတ်လုပ်မှု | |
ထုတ်လုပ်သူ | Sataporn Panichraksapong |
ပြသချိန် | 60 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
ထုတ်လွှင့်မှု | |
မူရင်းရုပ်သံလိုင်း | |
မူလပြသမှု | ၇ ဖေဖော်ဝါရီ ၂၀၁၆ | – ၆ မေ ၂၀၁၇
ဇာတ်လမ်းတွဲစဉ် | |
ဆက်စပ်မှုများ | Our Skyy (Ep. 1) |
ပြင်ပလင့်(ခ်)များ | |
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ် |
Senior Secret Love (ထိုင်း: รุ่นพี่ Secret Love; RTGS: Roon Pee Secret Love) သည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သော ထိုင်းရုပ်သံဇာတ်လမ်းတွဲဖြစ်သည်။ ဤဇာတ်လမ်းတွဲတွင် My Lil Boy၊ Puppy Honey နှင့် Bake Me Love ဟူသောအမည်များဖြင့် အပိုင်းခွဲသုံးပိုင်းပါဝင်သည်။
ဒါရိုက်တာ Weerachit Thongjila ရိုက်ကူးပြီး GMMTV နှင့် Housestories 8 တို့ ပူးပေါင်းထုတ်လုပ်သည်။ My Lil Boy ဟူသော အပိုင်းခွဲကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၇ရက် မှ မတ်လ ၁၃ရက်နေ့အထိ ထုတ်လွှင့်ခဲ့ပြီး၊[၁][၂] ဒုတိယအပိုင်းခွဲ Puppy Honey ကို ၂၀၁၆ခုနှစ် မတ်လ ၂၀ရက် မှ ဧပြီလ ၂၄ ရက်နေ့အထိ ဆက်လက်ထုတ်လွှင့်ခဲ့သည်။[၃]အဆိုပါအပိုင်းခွဲနှစ်ခုလုံးကို အပတ်စဉ် တနင်္ဂနွေနေ့တွင် One31 ရုပ်သံလိုင်းမှ ၁၄:၀၀ နာရီနှင့် ၁၅:၀၀နာရီတို့တွင် ထုတ်လွှင့်ခဲ့သည်။ နောက်ဆုံးအပိုင်းခွဲ Bake Me Love (၂၀၁၆ခုနှစ် မေလ ၁ရက်နေ့ မှ ၂၀၁၆ခုနှစ် ဇွန်လ ၅ရက်နေ့ထိ) ကို One31 နှင့် LINE TV တို့တွင် အပတ်စဉ် တနင်္ဂနွေနေ့ ၁၅:၀၀နာရီ နှင့် ၁၇:၀၀နာရီ အချိန်တို့တွင် ပြသခဲ့သည်။ [၄]
ဤဇာတ်လမ်းတွဲကို ဒုတိယတွဲထပ်မံထုတ်လွှင့်ရာ အပိုင်းခွဲ နှစ်ပိုင်းပါဝင်ခဲ့သည်။ ပထမအပိုင်းခွဲ My Lil Boy 2 ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့မှ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့ထိ ထုတ်လွှင့်ခဲ့ပြီး[၅][၆] ဒုတိယအပိုင်းခွဲ Puppy Honey 2 ကို ၂၀၁၇ခုနှစ် မတ်လ ၁၈ရက် နေ့မှ မေလ ၆ရက်နေ့အထိ ဆက်လက်ထုတ်လွှင့်ခဲ့သည်။[၇][၈] အဆိုပါ အပိုင်းခွဲနှစ်ခုလုံးကို One31 နှင့် LINE TV တို့တွင် အပတ်စဉ် တနင်္ဂနွေနေ့များ၌ ထုတ်လွှင့်ခဲ့သည်။